#BreakingNews
Published -19 Mar 2022

 

     ချောင်းသာ-ပုသိမ် ကားလမ်းပေါ်မှာ ယနေ့ နေ့လည် ၁နာရီခွဲခန့်အချိန်က ယာဥ်အမှတ် BGO 4M/ 7627Toyota Succed ယာဥ်မှာယာဥ်တိုက်မှု ဖြစ်ပြီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

     ချောင်းသာစစ်ဆေးရေးဂိတ်ရဲ့ တာဝန်ရှိသူတွေရဲ့အတည်ပြုချက်အရ ယာဥ်ပေါ်ပါသူမှာ ၇ ဦးဖြစ်ပြီး ပုသိမ်ချောင်းသာလမ်း ကလပ်ချီနဲ့ မင်းကုန်းကြီးကြားမှာ ကံထူးအောင်ယာဥ်နဲ့အဆိုပါယာဥ်ငယ်တို့တိုက်မိပြီး ကားလေးမီးလောင်ကာ ၇ ဦးမီးလောင်တဲ့အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

     "ဒီနေ့ နေလည်ပိုင်းလောက်ပဲ ပုသိမ်မြို့နယ်ချောင်းသာလမ်းကလပ်ချီကွေ့မှာ ကံထူးအောင်ယာဥ်နဲ့ ကားလေးတိုက်ပြီး မီးလောင်ရာတွင် ပိတ်မိပြီးသေဆုံးသူတွေကို ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)က ပုသိမ်ဆေးရုံကို ပို့ပေးခဲ့ပါတယ်"လို့ သွားရောက်ကူညီသူတစ်ဦးက ပြောပါတယ်။

 

ymg/hm
#Yangon_Media_Group