#LocalNews
Published -17 Mar 2022

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ရပ်ကွက်တစ်ခုအတွင်း စာသောက်ဆိုင်ထိုင်နေသော အမျိုးသား ၂ ဦးကို ဘေးဝိုင်းမှ သေနတ်ပစ်ခတ်ခဲ့ရာ ၂ ဦးလုံးသေဆုံးသွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့သတင်းအရသိရပါတယ်။

 

ဖြစ်စဥ်မှာ မတ်လ ၁၆ ရက်နေ့ည ၇ နာရီခန့်သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းရှိ ရွှေပုံစား စားသောက်ဆိုင်အပေါ်ထပ်တွင် ဘုရားကုန်းကျေးရွာနေ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူ ဇင်မင်း(ခ)ဂဏန်း ၄၀ နှစ် နှင့် ဗိုလ်ချုပ်ရွာနေ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူထွန်းအေးနိုင်(ခ)တောသားကြီး ၂ ဦးမှာ စားသောက်နေစဥ် အနောက်ဘက်တစ်ဝိုင်းကျော်တွင် စားသောက်နေသူ စိစစ်ဆဲအမျိုးသား ၂ ဦးမှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

"ဖြစ်စဥ်ဖြစ်ပွားပြီး ပစ်ခတ်ခံရသူ ၂ ဦးကတော့ သေဆုံးခဲ့ပါတယ်။တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်"ဟု တိုင်းရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောပါတယ်။

 

အဆိုပါပစ်ခတ်မှုကြောင့် ဇင်မင်း(ခ)ဂဏန်း ၏ ယာဘက်ရင်အုံ ဖောက်ထွင်းဒဏ်ရာ ၂ ချက်၊ ထွန်းအေးနိုင်(ခ)တောသားကြီး ၏ ဝဲနံဘေးဖောက်ထွင်းဒဏ်ရာ(၁)ချက်၊ ယာရင်ညွန့် ဖောက်ထွင်း ဒဏ်ရာ(၁)ချက်၊ ယာရင်အုံဖောင်ထွင်းဒဏ်ရာ(၁)ချက်၊ စုစုပေါင်း ဒဏ်ရာ ၃ ချက် ရရှိ၍ အခင်းဖြစ်နေရာတွင် ၂ ဦး လုံး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group