#LocalNews
Published - 15 March 2022


အပြည်ပြည်ဆိုင်ရာအမျိုးသမီးသင်္ဘောသားများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်က ကြေညာထားပါတယ်။

ဒါ့ကြောင့် အခမ်းအနားကို တက်ရောက်ကြမယ့် အမျိုးသမီးသင်္ဘောသားများအနေနဲ့ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေက ထုတ်ပေးထားတဲ့ သင်္ဘောသားနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတစ်ခု ယူလာဖို့ မေတ္တာရပ်ခံထားပါတယ်။

အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမတွင် လာမယ့် မတ်လ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေမှာ ယခင်က အမျိုးသမီးသင်္ဘောသားကို ခွင့်မပြုခဲ့ပေမယ့် ၂၀၂၁ ခုနှစ်က စတင်ခွင့်ပြုခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်ကာလကြောင့် အမျိုးသမီးသင်္ဘောသားတွေအတွက် သက်ဆိုင်တဲ့ သင်တန်းတွေ မဖွင့်လှစ်နိုင်တာကြောင့် သင်္ဘောသားအဖြစ် အသိအမှတ်ပြုမှတ်ပုံတင် SIRBကို မထုတ်ပေးနိုင်တာတွေကြောင့် အပျော်စီးသင်္ဘောပေါ်မှာ အလုပ်အကိုင်ပတ်စပို့စ် Job Passport နဲ့ ပြည်ပကို သွားရောက်လုပ်ကိုင်ခွင့်ရအောင် ဖြေလျော့ပေးထားတာတွေ ရှိပါတယ်။
ymg/ei

#Yangon_Media_Group