#Local_Health
Published_ 13 March 2022

 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံပြည်သူများသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် ၁ သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး ၅ သိန်း Doses နှင့် ဆေးထိုးအပ် ၅ သိန်းအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ပါတယ်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရန်နောင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Charge d' affaires, Mrs.Kanokwan Pengsuwan, Minister Counsellor- Ms.Chana Sindhvananda ၊ First Secretary, Ms.Chalermkwan Worranit နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

 

ယခုလှူဒါန်းတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နယ်စပ်ဒေသများ အပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးလျက်ရှိသည့် ဒေသများတွင် ဦးစားပေး၍ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မတ် ၁၂ ရက်အထိ လူဦးရေ စုစုပေါင်း (၂၄ ဒသမ ၇) သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၂၁ ဒသမ ၄) သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ (၃ ဒသမ ၃) သန်း ရှိပြီဖြစ်ကြောင်း သိရပါတယ်။

 

မတ်လ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း (၄၇ ဒသမ ၀၁) သန်း ထိုးနှံပြီးဖြစ်ပါတယ်။

 

#ymg_mnn
#Yangon_Media_Group