#LocalNews
Published - 11 March 2022

 

ကမ္ဘာ့ကုလသမဂ္ဂတွင်ကျင်းပမည့် United Nations Global Compact Leader Summit-2022 နိုင်ငံတကာခေါင်းဆောင်များညီလာခံသို့တက်ရောက်ရန် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဖိတ်ကြားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁)ရက် နေ့နှင့် (၂)ရက် နေ့များတွင် ကမ္ဘာ့ကုလသမဂ္ဂ၌ ကျင်းပသွားမှာဖြစ်ပါတယ်။

 

IBEC ဆရာတော်သည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်းရေးခရီးစဥ်အဖြစ် သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။

 

ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများကိုလည်း IBEC ဆရာတော်က ပြောကြားခဲ့တာပါ။

 

ထို့အတူ IBEC-ဆရာတော်သည် ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော်တစ်ပါးဖြစ်သဖြင့် မြတ်ဗုဒ္ဓ၏ဓမ္မနှင့်ငြိမ်းချမ်းရေး မြန်မာနိုင်ငံ၏နိုင်ငံရေး စစ်ရေးတော်လှန်ရေးပဋိပက္ခများ လျော့နည်းကျဆင်းကာငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေးကဏ္ဌများဆောင်ရွက်ကြရန်အတွက် အာဆီယံရပ်ဝန်းဒေသနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်ချို့နဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

IBEC-ဆရာတော်သည် ဥရောပ-အာရှရပ်ဝန်းဒေသဗုဒ္ဓသာသနာ ပြန့်ပွားတိုးတက်ရေး ပညာရေး ငြိမ်းချမ်းရေးအတွက် (၄၁)ရက်ကြာ ငြိမ်းချမ်းရေးခရီးစဥ်ထွက်ခွာခဲ့တာဖြစ်ပြီး ဒီကနေ့ မတ်လ(၁၁)ရက် ဒေသစံတော်ချိန်နံနက်(၁၀ နာရီ၊ မိနစ် ၂၀)အချိန်မှာတော့
မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့။

ymg/kg
#Yangon_Media_Group