#LocalNews
Published - 11 Mar 2022


ယနေ့ နံနက်အစောပိုင်းကရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊တစ်ဆယ်တောင်ရပ်ကွက်အတွင်းမီးလောင်မှုဖြစ်ပွားရာ အိမ် ၁၂လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်းရပ်ကွက်နေပြည်သူများထံကသိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၁၁ ရက်နေ့ ယနေ့ နံနက် ၁၂နာရီ၁၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ တစ်ဆယ်တောင်ရပ်ကွက်၊ ဇေယျဝတီ(၃)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"မီးကအရမ်းများတယ်ဗျ တစ်ချို့ အိမ်တွေဆို လူလွတ်အောင်ပြေးရတာဘာမှ ယူချိန်မရလိုက်ဘူးဗျာ။အားလုံးပေါင်း အိမ်၁၂လုံးပါသွားတယ်"လို့ တစ်ဆယ်တောင်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။

သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ထွက်ခွာငြိမ်းသတ်ခဲ့ရာ၁၂နာရီ၁၆ မိနစ်အချိန် တွင်Level 1ယာဉ်အုပ်စု ထွက်ခွာကာ၁၂နာရီ ၂၁ မိနစ်အချိန်တွင် level 2 ယာဉ်အုပ်စု ထွက်ခွာခဲ့ပြီးနံနက် ၁၂နာရီ ၃၇မိနစ် အချိန် မီးထိန်းနိုင်ကာ ၁၂နာရီ ၄၃ မိနစိအချိန်တွင် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group