#LocalNews
Published_10 March 2022

 

အင်းစိန် CID သင်တန်းကျောင်းမှ ဒုရဲမှူးကြီးဇော်ဝင်းကို ကို ထောင်သုံးနှစ်ချ၍ ရမည်းသင်းအကျဉ်းထောင်သို့ ယနေ့ မတ်လ ၁၀ ရက်တွင် ပို့ဆောင်လိုက်ကြောင်း ဆရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

"ဒီနေ့ရုံးချိန်းမှာက ဒုရဲမှူးကြီး ဇော်ဝင်းကို ပါတယ်။သူက Post ကို Share လုပ်လိုက်လို့ ကောမန့်ရေးလိုက်လို့ ရဲစည်းကမ်းအရ သူ့ကို ထောင်ဒဏ် ၃ နှစ်ချပြီး ရမည်းသင်းကို ဒီနေ့ပို့လိုက်တယ်။ ဒီနေ့ရုံးထုတ်တာကလည်း သူ့ကို ရမည်းသင်း ပို့ဖို့ ရုံးထုတ်လာတာ၊ သူက အဲဒီကောမန့်ရေးတဲ့ အတွက် ၅၀၅(က)နဲ့ ဇဗ္မူသီရိတရားရုံးမှာ မတ်လ ၁၇ ရက်နေ့ ရုံးချိန်းပေးထားတယ်"အဆိုပါ နီးစပ်သူက YMG ကို ပြောသည်။

 

ဒုရဲမှူးကြီးဇော်ဝင်းကို ကို ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ ၈ ရက်က ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) နှင့် ရဲစည်းကမ်းဥပဒေတို့ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ယခုအခါ ရဲစည်းကမ်းဥပဒေအရ အကျဉ်းကျခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

၎င်း၏အမှုအတွက် ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေပြည်တော်ဇမ္မူသီရိမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group