#LocalNews

Published -8Mar 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာကြောင့် YBS ယာဥ်တွေအနေနဲ့ CNG ရရှိရေး အချိန်ကြာမြင့်စွာတန်းစီနေရကာ သဘာဝဓါတ်ငွေ့အလုံအလောက်မရသလို ရန်ကုန်မြို့တွင်းခရီးသွားလာရေးအတွက် ယာဥ်လိုင်းများက ယာဥ်တွေ အင်အားပြည့်ထွက်ခွာနိင်ခြင်းမရှိဘူးလို့ သိရပါတယ်။

 

YBS ယာဥ်လိုင်းများအနေနဲ့ သဘာဝဓါတ်ငွေ့ရရှိနိုင်မှုအခြေအနေပေါ်မူတည်ကာ ပြေးဆွဲနေရပြီး ခရီးစဥ်အခေါက်ရေပြည့်မီအောင် မပြေးဆွဲနိုင်ဘူးလို့ အမြင့်မြတ်ဆုံးအင်အားယာဥ်လိုင်း၏ ဥက္ကဌဦးမျိုးဝင်းက ပြောပါတယ်။

 

"မီးကမမှန်တော့ CNG ဆိုင်တွေမှာလည်း ကားတွေတန်းစီနေရတယ် ဒီတော့ ကားတွေကအကုန်မထွက်နိုင်ဘူး။ဒီတော့ခရီးသည်တွေကလည်း ကားစောင့်ရတာကြာပြီ စုပြုံတက်နေကြတယ် ။CNG မရတော့ တစ်ခေါက်ပဲဆွဲနိုင်တဲ့ကားကဆွဲတယ်။တစ်ခြမ်းပဲဆွဲနိုင်တဲ့ကားကဆွဲတယ် ဒီလိုအခြေအနေတွေဖြစ်နေပါတယ်"လို့ ဦးမျိုးဝင်းကပြောပါတယ်။

 

အဆိုပါ YBS ယာဥ်များ သဘာဝဓါတ်ငွေ့ရရှိမှု အခြေအနေကြောင်းထွက်ခွာယာဥ်တွေနည်းပါးလာကာ ရုံးတက်ရုံးဆင်းချိန်များတွင် ခရီးသွားလာရေးခက်ခဲနေတယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

 

"ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားတွေပြည့်ကြပ်နေတာပဲ။ကားတစ်စီးနဲ့တစ်စီးက လာဖို့အချိန်အကြာကြီးစောင့်ရတယ် လာရင်အလုအယက်တက်ကြတယ်။တစ်ခါတစ်လေဆိုရင် အောက်ဆိုက်ကားတွေကိုပဲ အားထားသွားလာနေရတော့ အပိုကုန်ကျစရိတ်တွေရှိလာတယ်"လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

 

ထို့အပြင် သဘာဝဓါတ်ငွေ့သုံး အငှားယာဥ်များအနေနဲ့လည်း သာဘာဝဓါတ်ငွေ့ဖြည့်တင်းရန် အချိန်ကြာမြင့်တာကြောင့်
ဝင်ငွေရှာဖွေချိန်နည်းပါလာတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group