#LocalNews
Published - 8 March 2022

 

၁၉၈၂ နိုင်ငံသားဥပဒေအရ တေးသံရှင် ဆောင်းဦးလှိုင်နှင့် အစီအစဥ်တင်ဆက်သူ မောင်မောင်အေးအပါအဝင် လူပုဂ္ဂိုလ် ၅ ဦးတို့အား နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း နစက က မတ်လ ၇ ရက်တွင် ထပ်မံကြေညာလိုက်ပါတယ်။

 

၄င်းတို့သည် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျုးလွန်၍ ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားသူများဖြစ်ကြပြီး ၄င်းတို့ကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲလိုက်တာဖြစ်တယ်လို့ နစက ၏ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နိုင်ငံသားအဖြစ်မှရပ်စဲခံရသူများမှာ အဆိုတော်ဆောင်းဦးလှိုင်၊အစီအစဉ်တင်ဆက်သူ မောင်မောင်အေး၊ ဒေါ်ခင်မမမျိုး၊ ဦးပြည်သစ်ညွန့်ဝေနှင့် ဒေါ်ဖြူဖြူသင်းတို့ဖြစ်ကြပါတယ်။

 

ဒါ့အပြင် အခုမတ်လ ၄ ရက် နေ့က ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ဒေါ်ဇင်မာအောင်၊ ဦးအောင်မျိုးမင်း၊
ဦးထင်လင်းအောင်၊ ဒေါ်အိသဉ္ဇာမောင်၊ ဒေါက်တာဆာဆာ အပါအဝင် လူပုဂ္ဂိုလ်(၁၁)ဦးတို့ကိုလည်း ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ်က ရပ်စဲခဲ့ပါသေးတယ်။

 

ဒါကြောင့် ယနေ့အထိ နိုင်ငံသားအဖြစ်မှရပ်စဲခံရသူ (၁၆)ဦး ရှိပြီဖြစ်ပါတယ်။

 

ဒါ့အပြင် ဆက်လက်ဖော်ထုတ်တွေ့ရှိသူများကိုလည်း ဆက်လက်အရေးယူသွားမည်ဟု နစကရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ymg/kg
#Yangon_Media_Group