#Local_News
Published_ 4 Mar 2022

 

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဟာ မတ် ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၊ လယ်ကြီး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းလုံမှမိုးကုတ်သို့ မောင်းနှင်လာသည့် Nissan ၆ ဘီး ယာဉ်ကိုစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ ဝေသူမှာ ထွက်ပြေးသွားပြီး ယာဉ်နောက်လိုက် အေးနိုင်(ခ)စိုးမြင့်နိုင် ၃၀ နှစ်နှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

 

ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ymg_mnn
#Yangon_Media_Group.