#LocalNews
Published - 1 March 2022

ပြည်ပနိုင်ငံတွေမှာ IT အင်ဂျင်နီယာဖြင့် အလုပ်လုပ်ချင်သူတွေအတွက် ITPEC အသိအမှတ်ပြု စာမေးပွဲတွေကို ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ထုတ်ပြန်ထားပါတယ်။

ITPEC အသိအမှတ်ပြုတဲ့ FE သိုမဟုတ် AP စာမေးပွဲ အောင်မြင်ထားပါက တက္ကသိုလ်က ဘွဲ့ရစရာမလိုဘဲ ဂျပန်နိုင်ငံအပါအဝင် ITPEC အာဆီယံအဖွဲ့ ဝင်နိုင်ငံ ၇ နိုင်ငံမှာ IT ဆိုင်ရာ အလုပ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး IT Passport ( Information Technology Passport Examination)စာမေးပွဲဟာ IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ချင်သူတွေကို ရည်ရွယ်ပြီး စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပါတယ်။

FE ( Fundamental Information Technology Engineer Examination)ဟာ IT ဆိုင်ရာဗဟုသုတ အခြေခံကျွမ်းကျင်မှုရှိပြီးသူတွေ Programmer Program Design ရေးဆွဲလိုသူတွေနဲ့ Software Development လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေအတွက် ရည်ရွယ်တဲ့ စာမေးပွဲဖြစ်ပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာ IT Passport ကို ဝင်ကြေး ၂၀၀၀၀ ကျပ်နဲ့ FE ကို ၃၀၀၀၀ ကျပ် ဝင်ကြေးပေးဆောင်ပြီး မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

စာမေးပွဲတွေကို ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ စစ်ဆေးမှာ ဖြစ်ပြီး ဖြေဆိုမယ့် လူဦးရေကို အများဆုံး ၅၀၀ ဦးအထိသာ လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက FE စာမေးပွဲဝင်ရောက်ဖြေဆိုမယ့် စာမေးပွဲအထောက်အကူပြုသင်တန်းကို မတ်လ ၁၂ ရက်ကစတင်ပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ နံနက် ၉ နာရီကနေ ညနေ ၅နာရီခွဲအထိ သင်တန်ကြေး ၃၀၀၀၀ ကျပ်နဲ့ သင်တန်းတတ်ရောက်နိုင်ကြောင်း သိရပါတယ်။

ymg/ei
#Yangon_Media_Group