#LocalNews
Published -1 Mar 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ နံနက်အစောပိုင်းက မြို့နယ်နှစ်ခုတွင်မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်များမှာ မတ်လ ၁ရက်နေ့၊ နံနက် ၅နာရီ ၅၀ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆/၁၂)ရပ်ကွက်၊ ရွှေညာမောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသက်ခဲ့ရာ နံနက် ၆နာရီကျော်ခန့်တွင်မီးငြိမ်းသွားခဲ့ပါတယ်။

ထိုအပြင် ယနေ့နံနက် ၆နာရီအချိန်ခန့်ကလည်းရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1ယာဉ်အုပ်စု ၊ Level 2 ယာဉ်အုပ်စု ထွက်ခွာငြိမ်းသက်ခဲ့ရာ ၆နာရီ ၄၅မိနစ် အချိန်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ၈ကြိမ်ထက်မနည်းမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။


ymg/hm
#Yangon_Media_Group