#LocalNews
Published_20 Feb 2022

အာဆီယံဒေသအတွင်းရှိ လူမှုဘဝများတိုးတက်စေရေး၊ လူမှုအဖွဲ့အစည်းများချိတ်ဆက် မှု အားကောင်းစေရေးနှင့် ကပ်ရောဂါကြောင့်ထိခိုက် မှုများအားပြန်လည်ထူထောင်ရေးအတွက် စံနမူနာအဖြစ်စွမ်းစွမ်းတမံဆောင်ရွက်ပေးကြသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား ပေးအပ်မည့် ၂၀၂၂ ခုနှစ် အာဆီယံဆုကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

အဆိုပြုလျှောက်ထားသူများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းစွမ်းတမံဆောင်ရွက်မှုများ၊ အာဆီယံနှင့်ကမ္ဘာတစ်ဝန်းအကြား စွမ်းစွမ်းတမံဆောင်ရွက်မှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တက်ရေး နှင့်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုများ၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေသည့် စွမ်းစွမ်းတမံဆောင်ရွက်ချက် များ စတဲ့နယ်ပယ်များမှာ ဆောက်ရွက်နေသူတွေ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများအပါအဝင် ထင်းရှားတဲ့အဆင့်မြင့်ပုဂ္ဂိုလ်များနဲ့ဖွဲစည်းထားတဲ့ အကဲဖြတ်ဒိုင်အဖွဲ့က ဆုရရှိသူကိုရွေးချယ်၍ အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကို ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဆုလျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးရဲ့ အင်တာနက်စာမျက်နှာ https://asean.org/asean-prize/ မှာရယူနိုင်ပါတယ်။ လျှောက်လွှာများကို ဧပြီလ ၂၅ ရက်နေ့အထိ လက်ခံသွားမှာဖြစ်ကာ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉) နေပြည်တော် နှင့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်။

အာဆီယံဆုကို ၂၀၁၈ ခုနှစ်တွင်စတင်ပေးအပ်ခဲ့ပြီး ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့က ဆုများရရှိဖူးကြပါတယ်။

ymg_mnn
#Yangon_Media_Group