#LocalNews
Published- 15 Feb 2022

 

မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ပေါ်ရှိ YGW(အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း)ရဲ့ ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းတွင်နေထိုင်ပြီး လူမှုကွန်ရက်ပေါ်မှာ လူသိများသူ အဘွားမေကြည်ခင်(ဖွားကြည်ခင်)မှာ ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ YGW အသင်းကထုတ်ပြန်လိုက်ပါတယ်။

 

အသက် ၈၄ နှစ်အရွယ်ရှိ အဘွားမေကြည်ခင်မှာ ယခုနှစ် ဇန်နဝါရီလအတွင်းကစတင်ကာ ကျန်းမာရေးသိသာစွာချို့ယွင်းလာတာကြောင့် ဓာတ်မှန်ရိုက်ခြင်း၊ ‌ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အသည်းနှင့်အဆုတ်တို့တွင် ကင်ဆာအကြိတ်များတွေ့ရှိရတာကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

 

အဘွားမေကြည်ခင်ကိုဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်ကာ နာရေးအခမ်းအနားပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

YGW ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းဆရာတော်သည် အဘွားမေကြည်ခင်ရဲ့ ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်ပေါ်သို့တင်လေ့ရှိရာ အဘွား၏ ဟန်ဆောင်မှုကင်းစွာ ချစ်စဖွယ်ခပ်စွာစွာပြောဆိုမှုပုံစံများကြောင့် လူချစ်လူခင်များရခြင်းဖြစ်ပြီး အနုပညာလောကမှ နာမည်ကြီးမင်းသားမင်းသမီးများ၊ အနုပညာရှင်များကလည်း ကျောင်းသို့ လာရောက်လှူဒါန်းရင်း ဖွားကြည်ခင်ထံ တကူးတကတွေ့ဆုံနှုတ်ဆက်ခံရသူဖြစ်ပါတယ်။

 

ymg/hm
#Yangon_Media_Group