#LocalNews
Published - 14 Feb 2022


ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက်အစောပိုင်းအချိန်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီ-ကျောက်ဖြူကားလမ်းပေါ်တွင် Express ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ Express ယာဥ်မီးလောင်မှုကို မအီနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး နံနက် ၇ နာရီခွဲ အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ယင်းဖြစ်စဉ်ကြောင့် Express ယာဥ်တစ်စီးလုံးကတော့ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသော်လည်း လူထိခိုက်ဒဏ်ရာရမှုကတော့ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group