Published 10 Feb 2022

ဗုဒ္ဓဘာသာနာ စည်ပင်ပြန့်ပွားအကျိုးများစေရန် ရည်သန်၍ မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်၊လယ်ကိုင်းကျေးရွာအုပ်စု၊ သက်သာပန်းတောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်း စကြာပန်းတောင်းစေတီတော် ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေသ အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ယနေ့ ဖေဖော်ဝါရီ ၁၀ရက် မနက်က ကျင်းပခဲ့ပါတယ်လို့သိရပါတယ်။

အဲဒီအခမ်းအနားကို ဘုရားဒါယာကတွေဖြစ်ကြတဲ့ နစကဥက္ကဋ္ဌနှင့်ဇနီးမိသားစုနှင့် အခြားဘုရားဒါယကာများ၊ဒါယိကာမများ၊စေတနာရှင် အလှုရှင်များတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်္ဂလာအခါတော်ကျရောက်တဲ့အခါ မြလေယာဉ် မင်္ဂလာရထားပျံဖြင့် ဆပ်သွားဖူးတော်နှင့် ရွှေဟင်္သာတို့ကို ပထမအကြိမ်အဖြစ်တင်လှုပူဇော်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်မိသားစုတွေက ရွှေထီးတော်ဘုံဆင့်များနှင့်ရတနာငှက်မြတ်နားတော်တို့ကို တင်လှူပူဇော်ခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီနောက် စကြာပန်းတောင်းစေတီတော်ကို ဗုဒ္ဓဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူခဲ့ကြပါတယ်။

အဆိုပါ စကြာပန်းတောင်းစေတီတော်ကို မူလပထမအနေဖြင့်  ၂၀၀၄ခုနှစ် ဖေဖော်ဝါရီ  ၂၂ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် အလှုရှင် ဦးစိုးမင်းနှင့်မိသားစုက ဉာဏ်တော် ၉တောင် အမြင့်ဖြင့်စတင်တည်ထားကိုးကွယ်ရန်‌ဆောင်ရွက်ခဲ့ပြီး  ဧပြီ ၁၇ရက်တွင် တည်ထားပြီးစီးခဲ့ပါတယ်။

စကြာပန်းတောင်းစေတီကြီးဟာ ကြီးလေးကြီးဖြစ်တဲ့ ရွာသာကြီးကျေးရွာ လှည်းကြီးကျေးရွာ ကန်သာကြီးကျေးရွာ မောင်တောကြီးကျေးရွာတို့ရဲ့အလယ်မှာတည်ထားကိုးကွယ်တာဖြစ်ပါတယ်။

လယ်ကိုင်းကျေးရွာအုပ်စု နိဗ္ဇာန်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိသုန္တက “ ကြီးလေးကြီးအလယ်မှာ ကြက်ပျံမကျ စည်ကားကြ ပြည်ကြီးအေးချမ်းသာယာမည် လို့ တဘောင်မိန့်ဆိုခဲ့တယ်လို့အဆိုရှိကြပါတယ်။

မူလဉာဏ်တော်(၉)တောင်ရှိတဲ့စေတီကို ထပ်မံငုံပြီးဉာဏ်တော် ၄၅ ပေတိုးမြှင့်တည်ထားကိုးကွယ်ကာ စကြာပန်းတောင်ဘွဲ့အမည်သစ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။