#Published -8 Feb 2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပျံလွန်တော်မူသော စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသရဲ့ဥတုဇရုပ်ကလာပ်တော်ကို

မနက်ဖန် ဖေဖော်ဝါရီ(၉)ရက်မနက်မှာ မြန်မာနိုင်ငံကို ပြန်လည် ပင့်ဆောင်မယ်လို့သိရပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ATR စင်းလုံးငှားလေယာဉ်ဟာ

မနက်ဖန်ဖေဖော်ဝါရီ(၉)ရက်မနက်၅နာရီခွဲမှာ  ရန်ကုန်လေဆိပ်မှထွက်ခွာပြီး

ဘန်ကောက်မှ မုံရွာမြို့သို့ တိုက်ရိုက်ပင့်ဆောင်မှာဖြစ်ပါတယ်။

မုံရွာမြို့ကို ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ဟာ မနက်၁၁နာရီခွဲခန့်ရောက်ရှိမယ်လို့လည်း သတင်းရရှိပါတယ်။

ဆရာတော်ဟာထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန် နဲ့သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ယမန်နေ့ ဖေဖော်ဝါရီ ၇ရက်နေ့ မြန်မစံတော်ချိန်

ညနေ ၅နာရီ ၄၉မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ပါတယ်။

VietnamUSChina