#LocalNews
Published - 7 Feb 2022

 

ပြီးခဲ့သည့်အစိုးရ၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ် ပြန်လည်လွတ်မြောက်သည်ဆိုသည့်သတင်းမှာ မမှန်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောသည်။

 

ပြည်ပ မီဒီယာအချို့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ တောင်းဆိုချက်ကိုလိုက်လျောပြီး ပါမောက္ခရှောင်တာနယ်ကို ဖေဖော်ဝါရီလ ၆ ရက်က လွှတ်ပေးလိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ရေးသားနေကြခြင်းဖြစ်သည့်အပေါ် ယင်းက အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

 

"ရှောင်တာနယ်ကို လွှတ်ပေးတာမဟုတ်ပါဘူးဗျာ။ကမ္ဘောဒီးယားဝန်ကြီးချုပ်လာတုန်းက တောင်းဆိုသွားတာ တစ်ချက်ပဲ ရှိတယ်။သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက သူ့ကိုပြောပါတယ်တဲ့။ ရှောင်တာနယ်ကို လွှတ်ပေးဖို့ ၊ ကျွန်တော်တို့အနေနဲ့ကလည်း ဥပဒေအရ လုပ်ဆောင်စရာရှိတာတွေကို လုပ်နေပါတယ်။စဉ်းစားပေးမယ်လို့ ဒါပဲ ပြောလိုက်တာ ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

အဲဒါကို "ပါမောက္ခရှောင်တာနယ်ကို ထောင် ၁၄ နှစ်အထိ ချနိုင်သော အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

Photo: Sydney Morning Herald

ymg/mt
#Yangon_Media_Group