#LocalNews
Published- 5 Feb 2022
ဖေဖော်ဝါရီလ ၅ရက်နေ့ ယနေ့ တစ်ရက်ထဲ မြန်မာလုပ်သား၅၈၀ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်အခြေစိုက်မြန်မာနိုင်ငံသားတွေဆီကနေသိရပါတယ်။

ထိုင်းနိုင်ငံနယ်စပ် နေရာနှစ်ခုတို့မှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၈၆ ဦးတို့ကို နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းတပ်မတော် Army PR Center က ၎င်းတို့၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ထား ပါတယ်။

အဆိုပါမြန်မာနိုင်ငံသား ၅၈၆ ဦးကို ထိုင်းနိုင်ငံ၊ ကန်ချဘုရီခရိုင်နှင့် ပရာကျွတ်ခီရီခန့်ခရိုင် အတွင်း တောလမ်းမှတစ်ဆင့် ဝင်ရောက်လာစဉ်ထိုင်း လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါတရားမဝင် ဝင်ရောက်လာသူတွေဟာပဲခူးတိုင်း၊ မော်လမြိုင်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ထားဝယ်ခရိုင်၊ မန္တလေးတိုင်းနဲ့ မြိတ်ခရိုင်တို့မှ ဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၄ရက်နေ့ကလည်းမြန်မာနိုင်ငံမှတဆင့်ကန်ချနဘူရီနယ်စပ်မှတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၁၃၈ ဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ပွဲစားခတစ်ဦးလျင် ၂၅,၀၀၀ ဘတ်အထိပေးခဲ့ရတယ်လို့သိရပါတယ်။

တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၁၃၈ ဦးကို နယ်ခြားစောင့်တပ်ကကန်ကျနဘူရီခရိုင်၊ ကန်ကျနဘူရီမြို့နယ်၊ ဘန့်ကောင်ကျေးရွာအုပ်စုမှာဖမ်းဆီးခဲ့ပီး ဖမ်းဆီးခံရသူများတွင် အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၄၉ ဦးပါဝင်တယ်လို့ သိရပါတယ်။

ygm/hm