#LocalNews
Published - 4 Feb 2022

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ မေဓာဝီ‌ဈေးလမ်းတွင် ယ နေ့( ဖေ ဖော်ဝါရီ ၄ ရက်)၊ နံနက်အစောပိုင်း ၃ နာရီခွဲအချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"မနက်အစောကြီး လောင်တာပါ။ ဈေးလမ်းမှာလောင်တာတာပါ။ ဈေးလမ်းမှာရှိတဲ့ ဆိုင်ခန်း အချို့နဲ့ လူနေအိမ် ၂ လုံး လောက် မီး လောင်ပျက်ဆီးသွားတာ တွေ့ရပါတယ်။ ကံ ကောင်းတာက ဒီဘက်ဈေးကြီးကို မီးမကူးခဲ့ဘူးပေါ့။ အချိန်မီငြှိမ်းနိုင်ခဲ့လို့ တော်သေးတယ် ပြောရပါမယ်။"လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

အဆိုပါ မေဓာဝီ‌ဈေးလမ်းမီး လောင်မှုကို level-1ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် ၃ နာရီ၊ ၄၆ မိနစ် အချိန်ခန့်မှာ မီးငြိမ်းခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယင်းမီးလောင်မှုကြောင့် မေဓာဝီ‌ဈေးလမ်းရှိ လူနေအိမ် ၂ လုံးနှင့် ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

ဓါတ်ပုံ - ကြည့်မြင်တိုင်ဟစ်တိုင်-လူမှုကူညီ ရေးအသင်း။

ymg/kg
#Yangon_Media_Group