#LocalNews
Published- 3 Feb 2022


ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် မြန်မာတရားမဝင်လုပ်သားတစ်ဦးသေဆုံးမှုအပေါ် ရဲဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မှန်ကန်မှု ရှိ မရှိ၊ ပြစ်မှု မြောက်ခြင်း ရှိ မရှိ၊ သေဆုံးသူအတွက် တရားမျှတမှု ရရှိရေးနဲ့သင်္ဂြိုဟ်ပေးနိုင်ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မဲဆောက်မြို့အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂  ရက်နေ့ ည ၁၂နာရီအချိန်တွင် ကန်ချနဘူရီပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ပစ်ကပ်မော်တော်ယာဉ်တစ်စီးကို စိုင်ရိုခရိုင်အဝင်ဂိတ်တွင် စစ်ဆေးမှု မခံယူဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် တာဝန်ကျရဲတစ်ဦးက သေနတ်(M-16)နဲ့ ပစ်ခတ်ခဲ့ရာမှ အလုပ်သမား ကျား တစ်ဦး ခေါင်းထိမှန် သေဆုံးခြင်း၊ မ တစ်ဦး လက်မောင်းနဲ့ ရင်သားအကြား ထိမှန် ဒဏ်ရာရရှိခဲ့ တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ရာမှာအဆိုပါပစ်ကပ်မော်တော်ယာဉ်ပေါ်တွင် တရားမဝင် အလုပ်သမား ၁၀ ဦး တင်ဆောင်လာခြင်းဖြစ်ပြီးဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရဲစခန်းအနီး အလုပ်သမား ၉ ဦး လာရောက် စွန့်ပစ်ခဲ့ပါကြောင်း၊ ကျန်တစ်ဦးအား လိုက်လံရှာဖွေခဲ့ရာ အနီးဝန်းကျင်၌ သေဆုံးရုပ် အလောင်း(ကျား)အား ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊၉ ဦးအနက် ဒဏ်ရာရရှိသူ တစ်ဦး(မ)အား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူစေလျှက်ရှိကြောင်း၊ အသက်အန္တရာယ်မရှိကြောင်းနဲ့ ဆေးရုံဆင်ပြီး ဒဏ်ရာဆေးခြင်း၊ ဆေးထည့်ခြင်းတို့ဖြင့် ကုသပေးလျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျန်အလုပ်သမားများအား စိုင်ရိုခရိုင်ရဲစခန်း အချုပ်တွင် ထားရှိကာသေနတ်ဖြင့် ပစ်ခတ်သူ တာဝန်ကျရဲအား စစ်ဆေးလျှက်ရှိပြီး ၎င်းက ထွက်ဆိုသည် မှာ ကားဘီးအား ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ထွက်ဆိုထားပြီး သေဆုံးသူမှာ ပေါက်တောမြို့ နယ်၊ ဘဲရကျေးရွာမှ မောင်အောင်ကျော်စိန်ဖြစ်တယ်လို့ အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်ထားပါတယ်။
ymg/hm

#Yangon_Media_Group