#LocalNews
Published - 30 Jan 2022

 

ဒီကနေ့နံနက်အစောပိုင်းအချိန်တွင် လူတစ်ဦးနှင့် သစ်ဆွဲလာသည့် ကျွဲနှစ်ကောင်က အမြန်လမ်းကိုဖြတ်ကူးနေစဉ်မှာ ခရီးသည်တင် Express ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ယင်းဖြစ်စဉ်ဟာ ယနေ့(ဇန်နဝါရီ ၃၀)ရက်၊ နံနက် ၄ နာရီ မိနစ် ၅၀ အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၆/၄)မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ (၁၁၅)မိုင်၊ အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပြီး ယာဉ်တိုက်မှုကြောင့် ကျွဲ(၁)ကောင်သေဆုံး၍ ကျွဲ(၁)ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျွဲဖြင့်သစ်ဆွဲလာသော အမျိုးသား(၁)ဦးတို့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ထို့ကြောင့် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူအား အမြန်လမ်းကြက်ခြေနီယာဉ်ဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိဒဏ်ရာပြင်းထန်သောကြောင့်လမ်းတွင်(သေဆုံး)ခဲ့ကြောင်းနှင့် Express ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များက တော့ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group