#LocalNews
Published - 29 Jan 2022

 

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူတွေအနေနဲ့ မြန်မာနိုင်ငံသို့ မရောက်လာမီ ၁၄ ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အကြိမ်ပြည့်ထိုးနှံထားကြောင်း ပြသနိုင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

ပြည်ပက ပြန်လည်ဝင်ရောက်လာသူတွေက ကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ ကွာရန်တင်း ၁၀ ရက်နေထိုင်ရမှာ ဖြစ်ပြီး ကာကွယ်ဆေးလုံး၀မထိုးထားသူနဲ့ ကာကွယ်ဆေးတစ်ကြိမ်ထိုးထားသူတွေကတော့ ကွာရန်တင်း ၁၄ ရက်နေ့ နေထိုင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ကာကွယ်ဆေးထိုးနှံထားသူတွေဟာ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း RT-PCR နည်းနဲ့ စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေပါရှိတဲ့ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး ၁ ရက်နေ့နဲ့ ၉ ရက်မြောက်နေ့တို့မှာ ပြန်လည်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

 

သို့ပေမယ့် ၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေမပါရှိခဲ့ဘူးဆိုရင်တော့ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ၁ ရက်နေ့၊ ၃ ရက်နဲ့ ၉ ရက်မြောက်နေ့တို့မှာ ကိုဗစ်- ၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေးသွားမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့က ကုန်ကျစရိတ်တွေကို ကိုယ်တိုင်ကျခံရမှာ ဖြစ်ပါတယ်။

 

ကိုဗစ်ကာကွယ်ဆေး မထိုးနှံထားသူတွေနဲ့ တစ်ကြိမ်ထိုးနှံထားတဲ့ နိုင်ငံခြားသားရော မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး ၁ ရက်၊ ၃ ရက်နဲ့ ၁၁ ရက်နေ့မှာ RT-PCR နည်းနဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမယ်လို့ သိရပါတယ်။

 

နိုင်ငံခြားသံရာရှိတွေနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းမှ ဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ကွာရန်တင်း (သို့မဟုတ်) သတ်မှတ် Hotel တွေ သို့မဟုတ် သီးခြားလုံးချင်းနေအိမ်ရှိပါက မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ၁ ရက်မြောက်နေ့နဲ့ ၃ ရက်မြောက်နေ့တို့မှာ RT-PCR နည်းနဲ့ စစ်ဆေးပြီး Negative ထွက်မှသာ မိမိနေအိမ်မှာ အသွားအလာကန့်သတ်ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ဒ့ါအပြင် ကွန်ဒိုတွေနဲ့ တိုက်ခန်းတွေမှာ နေထိုင်သူတွေအနေနဲ့ သတ်မှတ် Hotel တွေမှာသာ အသွားအလာကန့်သတ် ဆောင်ရွက်ဖို့နဲ့ ၉ ရက်မြောက်နေ့မှာ နေအိမ်( သို့မဟုတ်) ဟိုတယ်မှာ ဓာတ်ခွဲစစ်ဆေးတာ ဆောင်ရွက်မှာဖြစ်ပါတယ်။

 

ကိုဗစ် - ၁၉ ရောဂါတွေ့ရှိတဲ့ ခရီးသွားတွေကိုတော့ ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်တွေနဲ့အညီ သတ်မှတ်ဆေးရုံတွေကို ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးကို ပြည်ပနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာသူဆီကနေ တွေ့ရှိနေတာဖြစ်ပြီး အိုမီခရွန်ရောဂါးပိုးတွေ့ရှိသူ ၂၈၃ ဦး ရှိပြီလည်းဖြစ်ပါတယ်။

 

YMG/ei
#Yagon_Media_Group