#LocalNews
Published-Jan 27 2022

 

ကျောက်ဆည်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တစ်စီးဘီးပေါက်ကာအရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင်ဝင်ရောက်တိုက်မိခဲ့တာကြောင့် ယာဉ်ပေါ်ပါ အမျိးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီလ၂၇ ရက် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၃၈၂/၅)နှင့် (၃၈၂/၆) အကြားတွင် (MITSUBISHI-RVR) အမျိုးအစား(ခဲရောင်)ယာဉ်သည် ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

 

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ‌မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း မ(၃)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ညောင်ပင်ကျေးရွာ အဖြူရောင်မေတ္တာ လူမှုကူညီရေးယာဉ်ဖြင့် စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

 

ymg/hm
#Yangon_Media_Group