#LocalNews
Published-23 Jan 2022


စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးစခန်း ၂ ခုအား ဇန်နဝါရီလ၂၂ရက်နေ့ နံနက် ပိုင်းက လက်နက်ကိုင်အင်အား အများအပြားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲဝင်အချို့နဲ့ လက်နက်ငယ်အချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၃ နာရီခွဲခန့်တွင် လက်နက်ကိုင်အင်အား ၁၀၀ ဦးခန့်စီက သာလွန်အင်အားအသုံးပြုကာ လက်နက်ကြီး/လက်နက်ငယ်များနဲ့ တစ်ပြိုင်တည်း လာရောက်ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စခန်းများအလိုက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့ ကအင်အား ထပ်မံတိုးမြှင့်တိုက်ခိုက်လာတာကြောင့်စခန်းအသီးသီးမှ ခေတ္တဆုတ်ခွာပေးခဲ့ရပြီး စခန်းများအတွင်းရှိ ရုံးအဆောက်အဦ ၁ လုံးနဲ့ လူနေ အဆောက်အဦ ၁ လုံးတို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ များက နံနက်ပိုင်းတွင် သွားရောက်စိစစ်ခဲ့ရာ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲဝင်အချို့ နဲ့လက်နက်ငယ်အချို့ ပျောက်ဆုံးခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးလျက်ရှိသော ရဲတပ်ဖွဲ့ ဝင်များနဲ့လက်နက်ခဲယမ်းများအား ပြန်လည်ရရှိရေး၊ လုံခြုံရေးလုပ်ငန်း ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ymg/hm

#Yangon_Media_Group