#LocalNews

Published - 1 Jan 2022

 

ဟိုပုံးမြို့နယ်ရှိ ထမ်ဆမ်းဂူအနီးတွင် MICRO Bus ယာဥ်တစ်စီး ချောက်ထဲ ထိုးကျခဲ့ပြီး လူ(၃)ဦးထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ယနေ့ ဇန်နဝါရီ ၁ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ ထမ်ဆမ်းဂူအနီး၊ မိုင်တိုင်အမှတ် (၁၄၆/၂) လမ်းကွေ့အတက်အရောက်တွင် တောင်ကြီးမြို့မှ ကာလိမြို့သို့မောင်းနှင်လာသော MICRO Bus (အမျိုးအစား)အဖြူရောင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘယ်ဘက် ပေ(၄၀၀)ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ယာဥ်အတွင်း ပိတ်မိနေသူများကိုလည်း ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

ယင်းဖြစ်စဥ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Photo - MFSD

#Yangon_Media_Group