#LocalNews

Published - 1 Jan 2022

 

အိမ်စီးကားတစ်စီးက စလစ်ဖြစ်ပြီး လူနေအိမ်ထဲသို့ ဝင်ရောက်တိမ်းမှောက်ခဲ့သည့်ဖြစ်စဥ်တစ်ခု ဒီကနေ့ ဇန်နဝါရီလ ၁ ရက်၊ နံနက်အစောပိုင်းအချိန်က မော်လမြိုင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ မော်လမြိုင်မြို့ စမ်းကြီးရပ် ရွှေနတ်တောင်ဂေါက်ကွင်းရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ယင်းဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ဒေသခံလူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဘိုဘိုဝင်း(rescue)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရလူနာကိုလည်း ပူးပေါင်းပြုစု၍ ဆေးဝါးကူညီမှုပေးခဲ့တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - ဘိုဘိုဝင်း(rescue)

#Yangon_Media_Group