Published 4 May 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာ အနီး ယာဉ်တစ်စီးတိမ်းမှောက်မှု ဖြစ်ကာ အမျိုးသားတစ်ဦး​ေ-သဆုံးမှု ခဲ့ကြောင်းဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်လူမှုကူညီရေးအသင်းထံက သိရသည်။

မေလ ၄ရက် မနက်ပိုင်းက ဘီးလင်းမြို့နယ် သပြေနီကျေးရွာအဝင်ကွေ့တွင် အန်ဇာတုန်းယဥ် အရှိန်လွန်တိမ်းမှောက်မှု့ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်ပါ ၈ဦး အနက် ၆ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ ပြီး အမျိုးသားတစ်ဦးမှာ ဦးခေါင်း ထိခိုက်ဒဏ်ရာ နှင့်ညာခြေပြတ်ဒဏ်ရာ များ ဖြင့် ဆေးရုံ သို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများကို ဘီးလင်းဆေးရုံသို့ အရေးပေါ်ကယ်ဆယ်ရေးယာဥ်(3)စီးဖြင့်ပူးပေါင်းကူညီကယ်ဆယ်ပေးခဲ့ကြကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group