#LocalNews

Published - 4 Dec 2021

ယခုကာလမှာ ကြက်အစာ စျေးနှုန်းမြင့်မားလို့ ကြက်ဥ၊ဘဲဥစျေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ ကုန်စည်ဒိုင် စျေးကွက်အတွင်းမှ သိရပါတယ်။

 

"အဓိက က ကြက်အစာ စျေးမြင့်မားမှု ကြောင့်ပါ။ကြက်စာ စျေးတက်တော့ ကြက်ဥစျေးတက်တာပေါ့။ ဟိုတလောက စျေးပြန်ကျတယ် အခုတော့ နည်းနည်းချင်းစီ စျေးပြန်တက်လိမ့်မယ်။ ကြက်ဥ၊ဘဲဥကျ သူက ချက်ချင်းတက်လို့မရတော့ နည်းနည်းစီစျေးပြန်တက်မှာပေါ့ ၊ တစ်ကျပ်စီပေါ့လေ တစ်ကျပ် တစ်ကျပ်နဲ့ အဲ့လို စျေးတက်သွားမှာ ပေါ့ ။"လို့ ကုန်စည်ဒိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါ တယ်။

 

ကြက်ဥ၊ဘဲဥဟာ မရှိမဖြစ် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်ပြီး ယခင်က ကြက်ဥ ၁၀ လုံးဆိုပါက ငွေကျပ် ၁,၀၀၀ မှ ၁,၂၀၀ ဝန်းကျင်ခန့်သာရှိခဲ့ရာမှ အခုကာလတွင် ကြက်ဥ ၁၀ လုံး စျေးက ၁၄၀၀ ကျပ်မှ ၁၆၀၀ ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်နေတာပါ။

 

"အရင်လတုန်းက ကြက်ဥက ၁,၀၀၀ ဖိုးဆိုရင် ၈ လုံးရ သေးတယ်။ အခုက ၇ လုံးပဲရတော့တယ်။ တစ်လုံး ၁၀၀ တန် ၁၁၀ တန်ကျတော့လည်း အလုံးအရွယ်အစားတွေက တကယ့် သေးသေးလေးလေးတွေ။ အခုကြက်ဥစျေးက တစ်လုံး ၁၃၀ ၊ ၁၄၀ လောက်မှ တကယ့်ကို ဒင်ဆိုတဲ့ ကောင်းတဲ့အလုံးတွေရပါတယ်။"လို့ စားသုံးသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

#Yangon_Media_Group