Published_ 30 April 2024

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တစ်ဘဝ တစ်ခန္ဓာချုပ်ငြိမ်းသွားကြောင်း သာသနာ့နွယ်ဖောင်ဒေးရှင်းမှ သိရသည်။

ဆရာတော်ဘုရားကြီးသည် ခန္ဓာချုပ်ငြိမ်းသွားချိန်မှာသက်တော် (၈၂)၊ သိက္ခာတော် (၄၅)ဝါရှိပြီဖြစ်ပြီး  ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၇)ရက်၊ဧပြီ(၃၀)ရက် (အင်္ဂါနေ့)၊မွန်းလွဲ ၁:၁၀ အချိန်၌တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူသည်ဟုဆိုသည်။

"ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တစ်ဘဝ တစ်ခန္ဓာချုပ်ငြိမ်းသွားတယ်ဆိုတာဟုတ်ပါတယ်။ ဆရာတော်ကြီးရဲ့တပည့် ဒါယကာတွေထံမှသိရတာပါ။‌ဆေးရုံမှာလား ဆရာတော်ကြီးသီတင်းသုံးတဲ့ ဝောာရမှာလား မသိရသေးပါဘူး"ဟု ‌သာသနာ့နွယ်ဖောင်ဒေးရှင်းမှ ဆရာတော်က ‌အတည်ပြုဖြေကြားသည်။

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရ ကျောင်း၌ သီတင်းသုံး‌လေ့ရှိပြီး ဆရာတော်ဘုရားကြီးခန္ဓာချုပ်ငြိမ်းသွားသည့်အတွက် တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်သူတော်စင် တပည့် ဒါယကာ ၊ဒါယကာမအပေါင်းမှ အထူးဝမ်းနည်းကြေကွဲလျက်ရှိကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group