Published 30 April 2024

ရန်ကုန်မန္တလေးလမ်းဟောင်းဒိုက်ဦးမြို့နယ် လက်ခုပ်ကွင်းကျေးရွာအနီး ၁၂ဘီးယာဉ် တစ်စီးမှာ အရှိန်လွန်ပြီး ရေမြောင်း အတွင်း သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်းဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။

ဧပြီ လ ၃၀ ရက် နေ့လည် ၂နာရီ၅၀မိနစ်ကမန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ဖြူပြာရောင် FUSOအမျိုးအစား(၁၂)ဘီးယာဉ်သည် လမ်းညာဘက်ဘေး ရေမြောင်းအတွင်းပြုတ်ကြခဲ့ကြောင်း သိရသည်။

ထိုသို့ရေမြောင်းအတွင်း ပြုတ်ကျရာ ယာဉ်အတွင်း ယာဉ်မောင်းသူညပ်နေသဖြင့် ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့နှင့်ဒိုက်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့တို့ ချိတ်ဆက်ပူးပေါင်း၍ကူညီကယ်ဆယ်ကြရာအနီးရှိဘက်ဖိုးယာဉ်တို့မှလည်း ပူးပေါင်းကူညီသဖြင့် အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်မောင်းမှာ အသက် ၄၅နှစ် ရှိ ပြီ ဖြစ်ကာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group