#Local_News
Published 28 April 2024

▪️ ယာဉ်မောင်းနေစဉ် ဆေးလိပ်သောက်ခြင်းနှင့်၊ဖုန်းပြောခြင်းများပြုလုပ်သည့်   YBS ယာဉ်မောင်းများအား တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။

 

▪️ ဆေးလိပ်သောက်ခြင်းသည် ‌ကိုယ်တိုင်သာမကတဆင့်ခံရှူရှိုက်သူအထိပါ ကျန်းမာရေးထိခိုက်စေနိုင်သည့်အပြင် ယာဉ်မောင်းစဉ်ဖုန်းပြောခြင်းသည်လည်း အန္တရာယ်ကျရောက်နိုင်သည့်အတွက်ယာဉ်စီးနင်းသူများအနေဖြင့်တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

 

▪️ " YBSယာဉ်မောင်းတွေကိုကားပေါ်မှာ ဆေးလိပ်မသောက်ဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ခရီးသွားသူတွေအနေနဲ့တိုင်ကြားနိုင်ပါတယ်၊ ယာဉ်မောင်းရင်းဖုန်းပြောတာလည်းတိုင်ကြားနိုင်ပါတယ်၊ ဆေးလိပ်သောက်တာ၊ဖုန်းပြောတာတွေ့ရင် သတ်မှတ်ဥပဒေအတိုင်း ဒဏ်ကြေးငွေသုံးသောင်းသတ်မှတ်ထားတဲ့အတိုင်းအရေးယူဆောင်ရွက်သွားပါမယ် " ဟု (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

 

▪️ ထိုသို့ဆက်သွယ်တိုင်ကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) call centre 09-448147149 , 09-448147153 ဘိုင်ဘာများမှတစ်ဆင့်ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ကာ ဒဏ်ငွေကျပ်သုံးသောင်းအထိ ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon-Times