#Local_News
Published_ 27 April 2024

▪️ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ လွှတ်တော်ဝင်းအဆောက်အဦ အမိုးစလပ် (Slab) များရေယို၍ ပြုပြင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လွှတ်တော်နှင့်နေအိမ်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)မှ အိတ်ဖွင့်တင်ဒါလျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။

 

▪️ ယခု ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင်  တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်၊ မြန်မာကျပ်ငွေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်   လုပ်ကိုင်လိုသူများကို အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ လွှတ်တော်ဝင်းအဆောက်အဦ အမိုးမလုံခြင်းကို Water Proofing Membrane ကပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် စိတ်ပါဝင်စားလုပ်ကိုင်လိုသူများကို တင်ဒါလျှောက်လွှာပုံစံတစ်စောင် ငွေကျပ် ၃၆,၀၀၀ နှုန်းဖြင့် ရောင်းချခေါ်ယူနေခြင်းဖြစ်‌ပြီး တင်ဒါလျှောက်လွှာများကို  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ လွှတ်တော်နှင့်နေအိမ်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)၊ မြို့ပြဌာနခွဲ၌လာမည့်  ဧပြီလ ၂၉ ရက်မှ  စတင်ကာ မေလ ၁၃ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ရောင်းချပေးသွားမည် ဖြစ်ကာ  မေလ ၁၄ ရက်၌ တင်ဒါတင်သွင်းရမည်  ဖြစ်ကြောင်း သိရသည်။

 

▪️ အထက်ပါ သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းလာသည့် လျှောက်လွှာပုံစံများကို လက်ခံဆောင်ရွက်ပေးမည်  မဟုတ်ဘဲ တင်ဒါဖွင့်ဖောက်ရက်ကိုမူ  ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times