#Local_News
Published_ 26 April 2024
▪️ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ကာကွယ်ဟန့်တားနိုင်ကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ခုနှစ်တွင်  တစ်နိုင်ငံလုံးအမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှား‌ ဆောင်ရွက်မှုဖြင့် အသက်(၅)နှစ်အောက်က‌လေးများကိုသတ်မှတ်ကာကွယ်ဆေးများထိုးနှံ‌တိုက်‌ကျွေးရန် စီစဉ်‌ ဆောင်ရွက်နေသည်ဟုဆိုသည်။

▪️ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်းကို ဧပြီ(၂၅)ရက်ကကျင်းပသည့်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက် သတ္တပတ်” (World Immunization Week) အခမ်းအနားတွင်ကျန်းမာရေးဝန်ကြီး‌ဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ပြောကြားချက်အရ သိရခြင်းဖြစ်သည်။

▪️ အခမ်းအနားတွင်" ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် (၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိသည်"ဟု ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

▪️ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်းရောဂါ ၁၃ မျိုးကိုကာကွယ်နိုင်မည့်ကာကွယ်ဆေးများကို ကလေးငယ်များအားထိုးနှံတိုက်ကျွေးကြောင်းလည်းသိရသည်။

▪️ “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက် သတ္တပတ်” (World Immunization Week) အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီး‌ဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက "ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ရေးရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “Humanly Possible: Saving lives through immunization” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း။

▪️ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များတွင် ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများ အသုံးပြု၍ သတ်မှတ်အသက်အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးကြောင်း၊

▪️ ၂၀၂၂ ခုနှစ်နှစ်ဦးပိုင်းက စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် အမီလိုက်ကာကွယ် ဆေးထိုးအစီအစဉ်များချမှတ်၍ လုပ်ငန်းများကို ပြန်လည်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးလွှမ်းခြုံမှုအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၃ ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု နှစ်ဆကျော်ခန့် ပြန်လည်တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း။

▪️ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလမတိုင်မီ က ရရှိခဲ့သည့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုများ ပြန်လည်ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

 ▪️ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် (၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း၊ 

▪️ ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးတက်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။

▪️ နိုင်ငံတော်မှ နှစ်စဉ်ဝယ်ယူပံ့ပိုးပေးလျက်ရှိသော ကာကွယ်ဆေးများအသုံးပြု၍ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်ကြောင်းသိရှိပြီး ထိုးနှံတိုက်ကျွေးပေးရန် တိုက်တွန်းလိုကြောင်း၊ 

▪️ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါများ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ဘရွက်ကြရန်" တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

#tthl #Yangon_Times