#Local_News
Published 25 April 2024


▪️ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် လှိုင်မြစ် အတွင်း အမျိုးသား တစ်ဦးရေနစ်​ေ-သဆုံးမှု ဖြစ်ပွားကြောင်း မေတ္တာပါရမီလူမှူကူညီရေးအသင်း(လှိုင်သာယာ)ထံ မှ သိရသည်။

 

▪️ အဆိုပါ အမျိုးသားမှာ ကုန်တင်သင်္ဘော ပေါ်တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး လှိုင်မြစ်အတွင်း သင်္ဘောရပ်ထားရာတွင် ဧပြီ ၂၃ ရက် ညပိုင်းက သင်္ဘောပေါ်မှ ရေထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ "ကုန်တင်သင်္ဘောမှာအလုပ်လုပ်တဲ့သူပါ ၂၃ရက် ညကသင်္ဘောပေါ်ကနေ ရေထဲပြုတ်ကျသွားတာ ရှာတာလဲမတွေ့ဘူး ဒီနေ့ကျမှ လှိုင်သာယာ ဒိုင်စုကျေးရွာ နားမှာ ပြန်တွေ့တာ"ဟု မေတ္တာပါရမီလူမှူကူညီရေးအသင်း(လှိုင်သာယာ)မှ ကိုအောင်ခိုင်က ပြောသည်။

 

▪️ ​ေ-သဆုံးသူ အမျိုးသားမှာl အသက်၄၇ နှစ် ခန့်ရှိပြီ ဖြစ်ပြီး မိသားစုများက သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်ကြောင်း သိရသည်။

 

▪️ ယင်း ​ေ-သဆုံး သူ အမျိုးသားကိုဒိုင်စုကျေးရွာမှ လှိုင်သာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times