#Local_News
Publicshed 24 April 2024

▪️ ဒလမြို့နယ်၌ ဇုန် (၁၀) ရေပေးဝေရေးစခန်း တည်ဆောက်ရေးစီမံကိန်းကိုဆောင်ရွက်လျှက်ရှိရာ ယင်းဇုန် (၁၀) ရေပေးဝေရေးစခန်းမှ ဒလမြို့နယ်သို့ နေ့စဉ်ရေဂါလန် ၁ ဒသမ ၂ သန်းပေးဝေနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီမှ သိရသည်။

 

▪️ အဆိုပါ ဇုန် (၁၀) ရေပေးဝေရေးစခန်းသည် ဒလမြို့နယ်၊ တာကြီးကျေးရွာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ဆောင်ရွက်နေခြင်းဖြစ်သည်။

 

▪️ လတ်တလောတွင် ဇုန် (၁၀) ရေပေးဝေရေးစခန်း တည်ဆောက်ရေးစီမံကိန်းအတွင်း (ပထမအဆင့်)ရေလှောင်ပမာဏရေဂါလန် ၁ ဒသမ ၅ သန်းဆံ့ ရေစုကန်နှင့် အလျား ၁၇ ဒသမ ၅၇ မီတာ၊ အနံ ၃၀ မီတာ၊ အမြင့် ၁၂ မီတာ အရွယ်အစားရှိ  ရေတွန်းစက်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

 

▪️ ထို့အပြင် တွံတေးမြို့နယ်၊ တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ဒလမြို့နယ်  ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းရှိကြောင်းသိရသည်။

 

▪️ အဆိုပါ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းသည် အကျယ် ၁၀ ဒဿမ ၇ ဧကပေါ်၌ ၁၂ လက်မ အဝီစိတွင်း (၄) တွင်း၊ ၁၀ လက်မ အဝီစိတွင်း (၈) တွင်း၊ ၈ လက်မ အဝီစိတွင်း (၁) တွင်းနှင့် ၁၀ လက်မ မိုးရေစုတွင်း (၇) တွင်း၊  စုစုပေါင်းအဝီစိတွင်း(၂၀)တို့မှ ရေဂါလန် (၁) သိန်း ဆံ့ ရေစုကန်သို့ပေးပို့ပြီး ၎င်းမှတစ်ဆင့် ရေတွန်းစက် (၄) လုံးဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန် (၁) သန်းခွဲ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times