#Local_News
Published 23 April 2024


▪️ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ၆ဘီးယာဉ်နှင့်ထော်လာဂျီတိုက်မိသဖြင့် ယာဉ်ပေါ်ပါ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံက သိရသည်။

 

▪️ ဧပြီ ၂၃ ရက် နံနက် ၈နာရီ ၃၀မိနစ် ခန့်ကနောင်ချိုမြို့နယ်၊ နောင်ချို - ရပ်စောက်လမ်းမကြီး ရွှေမုဌောအုပ်စု ရေဖြူရွာအနီးတွင် ရပ်စောက်မှနောင်ချိုဘက်သို့အသွား (၆) ဘီးယာဉ်နှင့် သရက်ကုန်းရွာမှ ရွှေမုဌောသို့ ကြံခုတ်သွားသည့် ထော်လာဂျီတို့ တိုက်မိ ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ယာဉ် တိုက်မှုကြောင့် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၁၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းကံကြီးမှ အခင်းဖြစ်ပွားရာနေရာမှ နောင်ချိုပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon Times