#Local_News
Published_ 23 April 2024

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ယနေ့တွင် Online Trading Platform မှ ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ရောင်းချရာတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဧပြီ ၂၃ ရက်နေ့၊ ယနေ့၌ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရပါသည်။

 

▪️ ထို့အပြင် မတ်လ၁၅ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို  Online Trading Platform မှ  အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အဆင်ပြေစေရန် အမေရိကန်ဒေါ်လာနှင့်ထိုင်းဘတ်များအား ဆက်တိုက်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times