#Local_News
Publicshed 23 April 2024

▪️ ပြည်တွင်း၌ တစ်နှစ်လျှင်ဘိလပ်မြေတန်ချိန်ရှစ်သန်းကျော်ထုတ်လုပ်နေကြောင်း အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းမှ သိရသည်။

 

▪️ ထိုသို့ထုတ်လုပ်ရာတွင် လက်ရှိတွင် ဘိလပ်မြေစက်ရုံ(၁၁)ရုံလည်ပတ်ဆောင်ရွက်နေပြီး ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဘိလပ်မြေတန်ချိန် (၈ ဒသမ ၄၈၅)သန်း ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ပြည်တွင်း၌  နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၉ ရုံတည်ဆောက်ထားရာ   စက်ရုံ ၁၉ ရုံလုံးသာ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ခဲ့ပါက တစ်နှစ်လျှင် တန်ချိန် ၁၆ ဒသမ ၂၃ သန်းထုတ်လုပ်နိုင်မည်ဖြစ်‌ကြောင်း၊၂၀၁၉ နှင့် ၂၀၂၀ နှစ်များ၏ ဘိလပ်မြေလိုအပ်ချက်ကိုအခြေခံ၍ စက်မှုဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေလိုအပ်ချက်မှာ  တန်ချိန်ပေါင်း ၉ ဒသမ ၉ သန်းခန့် နှစ်စဉ်လိုအပ်လျက်ရှိနေရာ လတ်တလောတွင်ထုတ်လုပ်နေသည့် ပမာဏမှာလည်း ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times