#LocalNews

Published - 3 Dec 2021

 

ပြည်တွင်းပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်တဲ့ MAI အနေနဲ့ စင်ကာပူ (SIN) နှင့် ကာလကတ္တား (CCU) ခရီးစဉ်များကို ကန့်သတ်ကာလအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ (KUL)၊ ဆိုးလ် (ICN) နှင့် ဘန်ကောက် (BKK) ခရီးစဉ်များကို ခွင့်ပြုချက်ရရှိသည့်အခါ အရေးပေါ် အခြေအနေများအတွက် ပျံသန်းပြေးဆွဲသော ကူညီကယ်ဆယ်ရေး special relief flight များအဖြစ် ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

 

COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) တို့၏ ခရီးသွားလာမှုယာယီကန့်သတ်ကာလတိုးမြှင့်ကြောင်း နောက်ဆုံးထုတ်ပြန်သည့်ကြေညာချက်များအရ MAI အနေဖြင့် ၎င်း၏လေကြောင်းရဲ့ အထက်ပါခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

 

အဆိုပါကာလအတွင်း ယာယီရပ်ဆိုင်းထားမည့် ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့်ရက်ကို ထိုင်ခုံနေရာရရှိမှုပေါ်မူတည်ကာ အခမဲ့ပြောင်းရွှေ့ခွင့်ပြုပေးမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ရက်အသစ်ကို (Rebooking date) ပြုလုပ်ခြင်း နှင့် Refund လျှောက်ထားခြင်းတို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားပါတယ်။

 


ထို့ပြင် ပြန်အမ်းငွေထုတ်ပေးခြင်းမရှိသည့် (Non-refundable) လက်မှတ်များအတွက် Travel Voucher အနေဖြင့် ပြန်အမ်းပေးမှာဖြစ်ပြီး အဆိုပါ Travel Voucher မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်ပြီး အခြားသူများသို့ လွှဲပြောင်းခွင့်မရှိကြောင်းနဲ့ ပုံမှန်လက်မှတ်များအတွက် သတ်မှတ်ထားသည့် (Terms & Conditions) နှင့်အညီ ပြန်အမ်းငွေများထုတ်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပေးထားပါတယ်။

#Yangon_Media_Group