Published 21 April 2024

ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၁)တွင် ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာသော (၁၀)ဘီးယာဉ်(၁)စီး ဘရိတ်ပေါက်၍ အနီးရှိ နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှု ဖြစ်ပွားကာ တစ်ဦး​ေ-သဆုံး ခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၂၁ရက် နေ့လည် ၂နာရီ ၁၅ မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့သဖြင့်ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦးအနက် အမျိုးသား(၁)ဦး(သေဆုံး)ကာအမျိုးသား(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်း၊ ပဒုမ္မာလူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group