#Local_News
Publicshed 20 April 2024

▪️ ပြည်တွင်း အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ခုနှစ်  ရာခိုင်နှုန်းနှင့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် (၂၁) ရာခိုင်နှုန်းရှိနေကြောင်း အိမ်ခြံမြေအသင်းများမှ သိရသည်။

 

▪️ ထို့အပြင် ယခုနှစ်တွင်လည်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများထက် အိမ်ခြံမြေလုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်အများစု ရင်းနှီးမြှုပ်နှံမှုပိုများ‌နေကြောင်း သိရသည်။

 

▪️ ၎င်းအပြင် အိမ်ခြံမြေလုပ်ငန်းတွင် (MIC) ပါမစ်ဖြင့်လုပ်ကိုင်သောလုပ်ငန်းအများစုမှာ မြို့ပြအိမ်ရာသစ်များ အကောင်အထည်ဖော်ခြင်း၊ အထပ်မြင့်ကွန်ဒိုဆောက်လုပ်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းများပါဝင်နေ ကြောင်းသိရသည်။

 

▪️ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အချက်အလက်များအရ ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင်  အိမ်ခြံမြေလုပ်ငန်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၉၃) ခုမှ‌ ဒေါ်လာသန်း (၁၂၀၀) ကျော်၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၆၇) ခုမှ ဒေါ်လာသန်းပေါင်း (၆၆၀၀) ကျော်အထိ ဝင်ရောက်ထားကြောင်း သိရသည်။

 

#YMG/NN #Yangon_Times