#Local_News
Published_ 20 April 2024

▪️ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဦးတေဇပိုင်  Malikha lodge ဟိုတယ် မီးလောင်ပြီး အဆောင် (၂) ခု မီးထဲပါသွားကြောင်း ဒေသခံများထံမှ  သိရသည်။ 

 

▪️ ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တေဇပိုင် Malikha lodge ဟိုတယ်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘန်ဂလိုအဆောင် ၂ လုံး မီးထဲပါသွားကြောင်း ဒေသခံများကဖော်ပြထားသည်။

 

▪️ "Putao Malikha lodge hotelရွာသား အားလုံး ဝိုင်းငြိမ်းကူကြ‌ပေမယ့်  အဆောင်အချို့ပါသွားပြီ။  စစ်တပ်ကလည်း လာရောက် မီးငြိမ်းကူလို့ အခြားဆောင်တွေ ထပ်မကူးအောင် တားနိုင်ခဲ့တယ်"ဟု  ဒေသခံ Nangseng pong ကဖော်ပြထားသည်။

 

▪️ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း အဆိုပါ Putao Malikha lodge ဟိုတယ်သည်ပူတာအိုနှင့်‌ ရေခဲတောင်ကိုလာရောက်ကြသည့် နိုင်ငံခြားသားများအများစုတည်းခိုသောဟိုတယ်ဖြစ်သလို ခရီးသွားအများဆုံးဝင်ရောက်သည့်ဟိုတယ်ဖြစ်ပြီး ဟိုတယ်အဆောင် စုစုပေါင်း(၄)ခုရှိကြောင်း သိရသည်။

 

#tthl #Yangon_Times