16 April 2024

ရုပ်ရှင်နှင့်ဗီဒီယိုဟာသ သရုပ်ဆောင် လူရွှင်တော် ဝက်မယနေ့ ဧပြီလ (၁၆)ရက် သင်္ကြန်အတက်နေ့ တွင်ကွယ်လွန်သွားကြောင်း လူရွှင်တော်အသိုင်းအဝိုင်းမှ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၅၉)နှစ်ရှိပြီဖြစ်ပြီး နှလုံး၊သွေးတိုး‌နှင့်‌ ကျောက်ကပ်ရောဂါများလည်း  ခံစားခဲ့ရသည်ဟုဆိုသည်။

ပြည်သူချစ်သည့် ရုပ်ရှင်နှင့်ဗီဒီယိုဟာသ သရုပ် ဆောင် လူရွှင်တော် ဝက်မသည်အသက် (၅၉)နှစ်သည် ယနေ့နံက်၆း၃၀ တွင် ကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက် မိသားစုနဲထပ်တူနှမြောတသ ဝမ်းနည်းကြေကွဲရကြောင်း၊ကောင်းရာဘုံဘဝကိုရောက်ပါစေကိုဝက်မရေ ဟု လူရွှင်တော်ကောင်းကျော်မှ ရေးသားဖော်ပြထားသည်။

ယင်းအပြင်မဏိရွှေစင်ရုပ်ရှင်မိသားစုမှ ဝေဠုကျော်နှင့်ရေကြည်ချမ်းမြကလည်းဝမ်းနည်းကြေကွဲကြောင်း ကို ရုပ်ရှင်နှင့်ဗီဒီယို ဟာသ သရုပ်ဆောင် လူရွှင်တော် ဝက်မ သည် ယနေ့နံက်၆း၃၀ တွင် ကွယ်လွန်  သွားကြောင်းကြားသိရသည့်အတွက် မိသားစုနဲထပ်တူ နှမြောတသ ဝမ်းနည်းကြေကွဲရကြောင်း၊  ကောင်းရာဘုံဘဝကိုရောက်ပါစေကိုဝက်မရေဟု ရေးသားဖော်ပြထားကြောင်း သိရသည်။

tthl

Yangon_Time