#LocalNews

Published - 2 Dec 2021

ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ပြန့်ပွားမှုမရှိစေဖို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လူစုလူဝေးအခမ်းအနားတွေကို ဒီဇင်ဘာလကုန်အထိ မပြုလုပ်ကြရန် နေပြည်တော်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 

နေပြည်တော်အတွင်းရှိ ဌာနအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေ အများပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ကျင်းပပြုလုပ်ရမယ့် အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မပြုဖို့နဲ့ ရုပ်ရှင်ရုံတွေ၊ ဘော်ဒါဆောင်တွေ၊ မူကြိုကျောင်းတွေ ဖွင့်လှစ်တာတွေ မပြုလုပ်ဖို့အတွက်ကို ယခင်က နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ခဲ့ပေမယ့် ယခုအခါ ဒီဇင်ဘာလကုန်အထိ တိုးမြှင့်ထုတ်ပြန်လိုက်တာပါ။

 

ဒါ့အပြင် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်တွေကိုလည်း ယခင်က နိုဝင်ဘာလကုန်အထိ ကန့်သတ်ခဲ့ပေမယ့် ယခုအခါ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ထုတ်ပြန်ထားပါတယ်။

 

ကန့်သတ်ချက်တွေမှာ မြန်မာနိုင်ငံသို့ လာရောက်ကြတဲ့ ခရီးသွားတွေအပေါ် ကြိုတင်ကာကွယ်ရေးကန့်သတ်ချက်၊ ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာထုတ်ပေးတဲ့ ယာယီရပ်ဆိုင်းထားတာတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်၊ နိုင်ငံခြားသားတွေအတွက် ဗဇာကင်းလွတ်ခွင့်နဲ့ တခြားပြည်ဝင်ခွင့်ဗီဇာတွေကို ရပ်ဆိုင်းတာ စတဲ့ ကန့်သတ်ချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

 

#Yangon_Media_Group