#LocalNews

Published - 2 Dec 2021

အရှိန်မထိန်းနိုင်သည့်ကားတစ်စီးက စက်ဘီးစီးလာသော ၁၂ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးအား ဝင်ရောက်တိုက်မိခဲ့သည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ ဒီဇင်ဘာ ၂ ရက်၊ မွန်းလွဲပိုင်းအချိန်က သံဖြူဇရပ်- ရေး-ထားဝယ် ကားလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါယာဥ်တိုက်မှု ကြောင့် အတိုက်ခံရသည့် ကျောင်းသူကလေးငယ်မှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့လည်း ဒေသခံလူမှုကူညီရေးအဖွဲ့ တွေက ဆိုပါတယ်။

 

"ကျွန်တော်တို့သိရသလောက်က ကားကို ဘုန်းကြီးတစ်ပါး မောင်းလာတယ်လို့ သိရပါတယ်။ ဖြစ်စဥ်ကတော့ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာပေါ့။ ဖြစ်တဲ့အချိန်က ကျောင်းဆင်းတဲ့အချိန်ပါ ကလေးတွေက ကျောင်းကပြန်လာတဲ့အချိန် ၊ အဲ့မှာ သူ့ကားက စက်ဘီးစီးလာတဲ့ ကျောင်းသူအမျိုးသမီးငယ်ကို တိုက်မိတာ ။ အတိုက်ခံရတဲ့ အမျိုးသမီးငယ်ကတော့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းကတော့ သေဆုံးသူရဲ့ (Dead Body)ကို သယ်ဆောင်ပြီး ဆေးရုံကို အခုလေးတင်ပဲ သွား ရောက်ပို့ဆောင်နေပါတယ်။" လို့ စေတနာရှင်လှုမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

 

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ဟာ သံဖြူဇရပ်မြို့နယ်အတွင်းက ကလိုင်ပဒေါကျေးရွာအနီးရှိ သံဖြူဇရပ်- ရေး-ထားဝယ် ကားလမ်းမကြီး ပေါ်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကားက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှလာသော စက်ဘီးတစ်စီးကိုဝင် ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အတိုက်ခံရသည့် စက်ဘီးစီးလာသူ ၁၂ နှစ်အရွယ် ကျောင်းသူအမျိုးသမီးငယ်က အခင်းဖြစ်ပွားရာနေရာမှာပင် ကားကြိတ်ခံရ၍ ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

သေဆုံးသူ၏ Dead Body ကိုလည်း ဒေသခံ လူမှုကူညီရေးအဖွဲ့ တွေက သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Photo - CJ

#Yangon_Media_Group