#Local_News
Published 8 April 2024


မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများ အရက်သေစာ သောက်စားခြင်း ရှိမရှိကို အရက်မူးတိုင်းကိရိယာ Alcohol Tester ဖြင့် စစ်ဆေးပြီး ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၄ ခုနှစ် သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ရက် မှ ၁၆ရက်အထိ ယာဉ်မောင်းသူများအနေဖြင့် သတိပြုရမည့်အချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

အဆိုပါ အချက်များတွင် မူးယစ်သောက်စားပြီးယာဉ်မောင်းနှင်ခြင်းမပြုရ၊ စည်းကမ်းမဲ့ပြိုင်မောင်းခြင်းများမပြုရ၊ ယာဉ်နံပတ်ပြား မပါရှိဘဲ မမောင်းရ၊ နိုင်ငံတကာအလံများယာဉ်တွင် တပ်ဆင်မောင်းနှင်းခြင်းမပြုရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ လုံးဝစီးနင်းခြင်း မပြုရစတဲ့ အချက်များ အပါအဝင် လိုက်နာမည့်စည်ကမ်းချက်များကို အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ စည်းကမ်းချက်များကို ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #အရက်သေစာသောက်စားခြင်းရှိမရှိ #Alcohol Testerဖြင့်စစ်ဆေး #YMG/LW #Yangon_Times