#Local_News
Published 8 April 2024


ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် ဒေါင်ဖန်းအမျိုးအစား(၂၂)ဘီးယာဉ်သည် ဘရိတ်ပေါက်၍ တောင်ကြီး-အေးသာယာအတက်လမ်းအတိုင်း မောင်းနှင်လာသောယာဉ်(၃)စီးအား ဝင်တိုက်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဧပြီလ ၇ ရက် ညနေ ၆နာရီ ၂၅မိနစ် ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ဦး အမျိုးသမီး ၃ဦး ​ေ-သဆုံးခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကို ရှမ်းပြည်နယ် မီးသတ်ဉီးစီးမှူးရုံးမှ သူနာတင်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၇နာရီ ၃၀မိနစ် အချိန် တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၅)ဦး၊ အမျိုးသမီး (၇)ဦး၊ စုစုပေါင်း (၁၂)ဦးအနက် အမျိုးသား(၄)ဦး၊ အမျိုးသမီး (၄)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး(သေဆုံး)တို့အား အေးမေတ္တာလူမှုကူညီရေးအသင်းနှင့် ရွှေညီအကိုလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်များဖြင့် တောင်ကြီးမြို့၊ စပ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #တောင်ကြီး-အေးသာယာအဆင်းလမ်း #ယာဉ်၃စီးကိုဝင်တိုက်၄ဦး ​ေ-သဆုံး #YMG/LW #Yangon_Times