Published_ 05 April 2024

ကူဝိတ်၊ကာဂျစ်စတန်၊ဗီယက်နမ်၊ထိုင်း၊တရုတ်အသင်းတို့ဖြင့်ယှဉ်ပြိုင်ရန် မြန်မာဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက် ရှိသည့် ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ဧပြီလ(၅)ရက် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်ဟုဆိုသည်။

ထိုင်းနိုင်ငံတွင် ဧပြီလ ၆ ရက်တွင် ကူဝိတ် အသင်းနှင့် လည်းကောင်း၊ ၁၀ ရက်တွင် ကာဂျစ်စတန် အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ထပ်မံ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယင်းနောက်ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ ယှဉ်ပြိုင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ဗီယက်နမ် အသင်းနှင့် လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် အိမ်ရှင်ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင် တရုတ် အသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းတွင် အုပ်ချုပ်နည်းပြ ၁၀ ဦး၊ ကစားသမား ၁၇ ဦးပါဝင်ပြီး  အဆိုပါ နည်းပြနှင့် အားကစားသမားများထိုင်းနိုင်ငံသို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group