Published 5 April 2024

ရန်ကုန်တိုင်းအပါအဝင်  နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များကို သင်္ကြန်ပွဲတော်ကာလ၌ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန(ရန်ကုန်)မှ သိရသည် ။

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူသွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသော မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အများစုကို နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။

အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင်များကိုလည်း ယခင် သင်္ကြန်ကာလများ ထက်ပိုမိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အပြင် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၄၁ ဆိုင်တွင်  ၃၄ ဆိုင်ကို နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်သည်။

အဆိုပါ မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်ပေးမည့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်းမှာ ယာယီပိတ်ထားလျက်ရှိ သည့် အရောင်းဆိုင်များကိုတော့ ဧပြီလ ၁၈ ရက်မှ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်‌ကြောင်းသိရသည် ။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များမှာ  ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင်သုံးဆိုင် စုစုပေါင်း ၄၆ ဆိုင်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group